တောင်ကြီး ဇူလိုင် ၅
ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၄)ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(Grade-12) အောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၆-၂၀၂၇ခု ပညာသင်နှစ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ထူးချွန်စွာအောင်မြင်ခဲ့သည့် (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၁၇)ဦး၊ စုစုပေါင်းအောင်မြင်သူ(၂၂)ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၂၆-၂၀၂၇ခု ပညာသင်နှစ်တွင် ပညာသင်ကြားနေသော တက္ကသိုလ်အဆင့် (၁၁)ဦး၊ အထက်တန်းအဆင့်(၆)ဦး၊ အလယ်တန်းအဆင့်(၈)ဦး၊ မူလတန်းအဆင့်(၁၇)ဦး၊ မူကြိုအဆင့် (၅)ဦး၊ စုစုပေါင်းဝန်ထမ်းသား/သမီး (၄၇)ဦးတို့အား ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ မြို့မဈေးကြီးအတွင်း ဈေးဆိုင်ခန်းများ ရောင်းချနေမှုအခြေအနေများနှင့် ဈေးမီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်မများ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။ ထို့နောက် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေရှင်းလင်းတင်ပြမှုများကို ဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိသည်။
မင်းသန့်(ပြန်/ဆက်)