ကျိုင်းတုံ ဇူလိုင် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ဇူလိုင် ၄ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်တင်မိုးဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝင်းမို့မို့လွင်နှင့် တာဝန်ရှိသူများက ဥပဒေ၊ နည်းဥပဒေဆိုင်ရာအကြောင်းအရာများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သင်တန်းသား(၃၈)ဦးအား ၂ ရက်ကြာ ဆွေးနွေးပို့ချကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)