ရှမ်းပြည်နယ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီး‌ကြပ်မှုကော်မတီ မိုးနဲမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၃ ရက်က အ.ထ.က(ခွဲ)၊ အ.လ.က(၅)၌ ကျင်းပသည်။

လားရှိုးမြို့တွင် ရာသီပေါ်အစားအစာ တောင်ပို့မှိုများ ဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဟင်းအဖြစ် ကြော်စား၊ ချက်စားခြင်းနှင့် အချဉ်သိပ်၍စားရသော ရာသီပေါ်အစားအစာ တောင်ပို့မှိုများဈေးကောင်းရရှိသဖြင့် မှိုရှာဖွေရောင်းချသည့်တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသားသော “လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်ခမ်းလူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ကာလိမြို့၊ ခိုလမ်မြို့နှင့် လင်းခေးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ကာလိမြို့၊ ခိုလမ်မြို့နှင့် လင်းခေးမြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နောင်ချိုမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီအချိန်က နောင်ချိုမြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ဒုတိယအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ဒုတိယသက်တမ်း ပထမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပြောင်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အထကကျောင်း၌ လမင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဒုတိယအကြိမ်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်း၌ ဆောင်ရွက်သည်။

တာလေမြို့တွင် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုရှိ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော စံပါရမီကုမ္ပဏီ(SELCL-6A,7A)လုပ်ကွက်(၂)၏ စွန့်ပစ် မြေစာပုံပေါ်၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကွန်ဟိန်းမြို့နယ်၌ အကျိုးဆောင်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မိုးသီးနှံမျိုးစေ့ထုတ်နှင့် စမ်းသပ်ကွက်၊စံပြကွက်များ စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to ရှမ်းပြည်နယ်