တောင်ကြီး ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်း၏ (၂၀၂၅-၂၀၂၈)ဒုတိယသက်တမ်း ပထမအကြိမ် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးကို ယမန်နေ့၊ မနက်ပိုင်းက၊ တောင်ကြီးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပြောင်းလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်မှ ပေးပို့သည့် သဝဏ်လွှာအား တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြောင်းလုပ်ငန်းအသင်းဥက္ကဋ္ဌ ဦးအောင်မင်းသိန်းတို့က အမှာစကားအသီးသီးပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် ခန်းမတွင်းပြသထားသည့် ပြခန်းများအား လည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)