ကွန်ဟိန်း ဇူလိုင် ၁၂
တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် မိုးသီးနှံမျိုးစေ့ထုတ်နှင့် စမ်းသပ်ကွက်၊စံပြကွက်များ စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးဝင်းလှိုင်တို့က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်က မိုးသီးနှံမျိုးစေ့ထုတ်နှင့် စမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများ ထောက်ပံ့ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တာဝန်ရှိသူများက မိုးသီးနှံမျိုးစေ့ထုတ်နှင့် စမ်းသပ်ကွက်၊ စံပြကွက်များ စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများထံသို့ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး