ရှမ်းပြည်နယ်

ကျောက်မဲမြို့၌ စားသောက်ကုန်အရောင်းဆိုင်များနှင့် ထုတ်လုပ်သည့်နေရာများသို့ ကွင်းဆင်းစစ်ဆေး

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ စားသုံးနိုင်ရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် လုပ်ငန်းခွင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဇူလိုင် ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က ကျောက်မဲမြို့၊ ရပ်ကွက် (၉) အတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များနှင့် ထုတ်လုပ်သည့်နေရာများ၌ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့၌ စပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီက ကုန်းဆုံကျေးရွာအုပ်စု၊ မိုင်းဖြတ်ကျေးရွာတောင်သူ ဦးမောင်လေး၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဟဲဟိုးမြို့ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲ တက်ရောက်

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကလောခရိုင်၊ ဟဲဟိုးမြို့တွင် H & J Success COMPANY LIMITED မျိုးအာလူးအအေးခန်း သိုလှောင်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ကျောက်မဲမြို့နယ်၌ မူလတန်းအဆင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကျောက်မဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ‌ နန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း " စာအုပ်ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မိုင်းရယ်မြိုနယ် အ.မ.က-၄တွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်သည်။

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်က ကျိုင်းတုံတက္ကသိုလ်ဝင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက အမှာစကားပြောကြားပြီး ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ရာ ဒေသခံတိုင်းရင်းသားများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံတို့က လက်ခံရယူကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ကွန်ဟိန်းမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အားကစားကဏ္ဍဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to ရှမ်းပြည်နယ်