နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နောင်ချို ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ အောင်သင်းရေးသားသော “လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၀ ရက် နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် Book Club အဖွဲ့ဥက္ကဋ္ဌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လျန်မှ “အချိန်ကို ဘယ်လိုအသုံးချသလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးကျော်သန်းမှ “လူငယ်တွေကို ရွှေချပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် Book Club အဖွဲ့ဝင်မျာမှလည်း ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ‌နောင်ချိုမြို့နယ်ရုံးအနေဖြင့် သက်ဆိုင်ရာ Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်၊ ပြန်/ဆက်