တာလေ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုရှိ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအလတ်စားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော စံပါရမီကုမ္ပဏီ(SELCL-6A,7A)လုပ်ကွက်(၂)၏ စွန့်ပစ် မြေစာပုံပေါ်၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ တာချီလိတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုး၊ တာချီလိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်နှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းတို့က စိုက်ပျိုးမည့် ပျိုးပင်များအားပေးအပ်ခဲ့ကြရာ စံပါရမီကုမ္ပဏီလီမိတက်အုပ်ချုပ်မှု ဒါရိုက်တာဦးကျော်လင်းနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများကလက်ခံရယူခဲ့ကြပြီး စံပါရမီကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးကျော်လင်းက တာလေမြို့နှင့် ကျိုင်းလပ်မြို့အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းပေါင်း (၂၄)ကျောင်းအတွက် ကျောင်းဖွံဖြိုးရေးရံပုံငွေ ဒေသသုံးထိုင်းဘတ်ငွေ (၂၄၀၀၀၀) နှစ်ဆယ့်လေး သိန်းအားပေးအပ်ခဲ့ရာ တာချီလိတ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက လက်ခံရယူခဲ့သည်။
ထို့နောက် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ စံပါရမီကုမ္ပဏီမှဝန်များ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများက ဒေသနှင့်ကိုက်ညီသော ကျွန်း(၅၀၀)ပင်၊ မန်ဂျန်ရှားပင် (၄၀၀) ပင်၊ မယ်ဇလီ (၃၅) ပင်၊ စုစုပေါင်းပျိုးပင် (၉၃၅) ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)