လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌စေရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

လားရှိုး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊  တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၃ ရက်က အ.ထ.က(ခွဲ)၊ အ.လ.က(၅)၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ စစ်ဆေးရေးမှူး (၂) ဦးစိုးရွှေက မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းမပြုမီ စစ်ဆေးရမည့်အချက်များ၊ မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်း၊ ရှေ့ယာဉ်အားကျော်တက်ခြင်း၊ ယာဉ်ကွေ့ရာတွင်လိုက်နာရန်များ၊ အခြားယာဉ်များအားဦးစားပေးခြင်း၊ ခေတ္တရပ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း၊ ညအချိန်မောင်းနှင်ခြင်း၊ မိုးရွာနေချိန် မောင်းနှင်ခြင်း၊ အမျိုးသမီးများဆိုင်ကယ်စီးခြင်း၊ ဆိုင်ကယ်စီးရာတွင် သတိပြုရန်၊ လိုက်နာရန်၊ ရှောင်ရန် အချက်များ၊ ယာဉ်တိုက်မှုဖြစ်လျှင် လိုက်နာရန် အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးရှင်းလင်း‌ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူက ပြန်လည်‌ဖြေကြားဆွေးနွေးပေးခဲ့သည်။ ထို့အပြင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရေး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)