နောင်ချိုမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

နောင်ချို ဇူလိုင် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီအချိန်က နောင်ချိုမြို့မဈေးအနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင်ဦးဆောင်၍ နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း၊ မော်တော်ဆိုင်ကယ်စီးဦးထုပ်ဆောင်းရာတွင် မေးသိုင်းကြိုးများစနစ်တကျတပ်စေခြင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအာကာဆွေတင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနက် ဆိုင်ကယ်စီးဦးထုပ်မပါသူများအား ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ပေးဝေခြင်း၊ ရောင်ပြန်စတေကာများ ကပ်ပေးခြင်းနှင့် ယဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် သက်ဆိုင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း နောင်ချိုမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်