ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီး‌ကြပ်မှုကော်မတီ မိုးနဲမြို့နယ်ကြက်‌ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

မိုးနဲ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မိုးနဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဒေါ်အယ်နန်းခမ်းက ကြက်ခြေနီအသင်းဝင်အင်အားပြည့်ဝရေးနှင့် အသင်းပြန်လည်ဖွဲ့စည်းမည့် အခြေအနေများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) safety and security focal person မှ ဒေါ်ခင်ဆွေဦးက အသင်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် မိုးနဲမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးဆောက်လုပ်ရာတွင် လှူဒါန်းခဲ့ကြသောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှ ထောက်ပံ့သောပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)