ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၁၁ ရက်က ကျိုင်းတုံတက္ကသိုလ်ဝင်းတွင်ကျင်းပရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးက အမှာစကားပြောကြားပြီး ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက သစ်ပင်များစိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်ရာ ဒေသခံတိုင်းရင်းသားများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အမျိုးသမီးရေးရာအဖွဲ့တာဝန်ခံတို့က လက်ခံရယူကြသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦတင်လင်းနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  ပြည်နယ်၊ ခရိုင်၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးခန့်က ပိတောက်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ ကံကော်၊ ခရေ၊ ငုရွှေဝါပင် စသည့်ပျိုးပင် စုစုပေါင်း ၁၀၀၀ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)