မိုင်းတုံ ဇူလိုင်လ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း " စာအုပ်ကို ယမန်နေ့ နံနက် ၁၀နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Young Club)အဖွဲ့ဝင် မနန်းခမ်းမို့က "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်သည် ဘဝရဲ့အလှည့်အပြောင်း၊ အခက်အခဲများနှင့် စိတ်ဓာတ်ကျဆင်းမှုများကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အတွေးအခေါ်၊ စိတ်ဓာတ်ခွန်အားပေးသည့်စာအုပ်ဖြစ်သည်ဟုယူဆမိကြောင်း၊ ဤစာအုပ်သည် လူသားတို့၏ ဘဝခရီးလမ်းတွင်မလွဲမသွေကြုံတွေ့ရမည့် "ခရောင်းလမ်း" ဟု တင်စားထားသောအခက်အခဲများ၊ ဆူးငြောင့်ခလုတ်များ၊ ဒုက္ခများနှင့်စိန်ခေါ်မှုများ၊ ဘဝကိုအရှုံးမပေးဘဲအောင်မြင်မှုပန်းတိုင်ဆီသို့လျှောက်လှမ်းနိုင်ရန် အသိပညာ၊သတိတရားနှင့်စိတ်ဓာတ်ခိုင်မာမှုအရေးပါပုံကို အဓိကဖော်ကြူထားသော စာအုပ်ဖြစ်သည့်အတွက် လူငယ်အများစုလေ့လာဖတ်ရူ့သင့်သော ပညာပေးစာအုပ် ကောင်းတစ်အုပ်ဖြစ်ကြောင်း အကြံပြုခဲ့သည်။ ဆက်လက်၍ ကျန် (Young Club)အဖွဲ့ဝင်များက စာရေးဆရာ နန္ဒာသိန်းဇံ၏ "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ကိုအပြန်အလှန်ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)