ကွန်ဟိန်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူဒါန်းခြင်း၊ ပြည်သူ့ဆေးရုံအတွက် အလှူငွေေများပေးအပ်ခြင်းနှင့် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုရာ မြို့နယ်ဆရာဝန်ကြီးနှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။ ထို့နောက် ကွန်ဟိန်းမြို့နယ်အားကစားကွင်းသို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ကွန်ဟိန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများကရှင်းလင်တင်ပြကြပြီး၊ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။
မြို့နယ် ပြန်/ဆက်