မိုင်းရယ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ယနေ့နံနက်(၁၀)နာရီက အမှတ်(၄)အခြေခံပညာမူလတန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ပြုလုပ်သည်။
အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဉီးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအားပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်ကိုပြုလုပ်ရာ အ.မ.က-၄မှ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်