နမ့်စန်(တ) ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဥပဒေအရာရှိ ဦးသက်ခိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၁၅ ရက်နေ့ထိဖွင့်လှစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ၊လောင်းကစားဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် အခြားသိသင့်သိထိုက်သည်များကို ခရိုင်ဥပဒေအရာရှိ ဦးသက်ခိုင်ဦးနှင့် မြိုနယ်ဥပဒေအရာရှိ ဒေါ်ထူးထူးလင်းတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြိုတို့ရှိ ရပ်ကွက်(၁၁)ခုနှင့်ကျေးရွာအုပ်စု(၂၀)တို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း စုစုပေါင်း (၆၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)