မိုင်းတုံမြို့၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုအခြေအ နေကွင်းဆင်းစစ်ဆေး

မိုင်းတုံ ဇူလိုင် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုစပါး စိုက်ကွက်များသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉:၀၀ နာရီက ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူးရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီအဖွဲ့ဝင်ဦးအိုက် ပလိတ်၊ ပြည်နယ်လွတ်တော်ကိုယ် စားလှယ်များစစ်ဆေးရေးကော်မတီအတွင်းရေးမှူး ဦးစောမူးလာ၊ မိုင်းတုံမြို့နယ်စီမံခန့်ခွဲ့‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

အဆိုပါပျိုး‌ထောင်ထားရှိမှုအ‌‌ခြေအ‌နေသို့ ​လှည့်လည်ကြည့်ရှူ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အောင်နိုင်ဝင်းက ရေဆင်းပေါ်ဆန်း-၁ ပျိုး(၂)ဧကနှင့် ရေဆင်းပေါ်ဆန်း-၂ ပျိုး(၁)ဧက စုစုပေါင်း(၃)ဧကပျိုး‌ထောင်ထားကြောင်းနှင့် ယင်းပျိုးများကို တောင်သူ ဦးစိုင်းလောင်း၏ ကွင်းအမှတ်(၃)၊ ဦးပိုင်အမှတ်(၂)တွင် (၂.၅၁)ဧကရှိသည့်လယ်‌ မြေကွက်တွင် စမ်းသပ်စိုက်ပျိုးသွားမှာဖြစ်ကြောင်း ကွင်းဆင်းစစ်‌ဆေးသည့် အဖွဲ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ကရှင်းလင်း‌‌ပြခဲ့ကြောင်းသိရှိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)