ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့နှင့် နမ့်စန်မြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇူလိုင် ၁၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လင်းခေးမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့နှင့် နမ့်စန်မြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် လင်းခေးမြို့၊ ပြည်ငြိမ်းအေး၌ ၂၀၂၆ခုနှစ်၊ Township Sport Development Program(TSDP)အစီ အစဥ်အရကျင်းပသည့် မီနီမာရသွန် ပြိုင်ပွဲအား တာထွက်ဖွင့်လှစ်ပေးခဲ့ပြီး၊ ဆုရရှိသည့် အားကစားသမားများအား ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးသည်။ ထို့နောက် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ ကျေးရွာသားများ စုပေါင်း၍ ဆွမ်းစားနှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားကာ နားကုန်းဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အား လှူဘွယ်ဝတ္ထုငွေများ ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် နားကုန်း ကျေးလက်ကျန်းမာရေးဌာနသို့ ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံအသစ် ဆောက်လုပ်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသည်။ ယင်းနောက် နားကုန်းကျေးရွာအခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းအတွက် စာရေးကိရိယာ၊ အားကစားပစ္စည်းများနှင့် ကျောင်းရန်ပုံငွေများ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် လင်းခေးမြို့နယ်၊ ဝမ်ဟတ်တိုက်နယ်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတ မကျိုင်းမွန်ကျောင်းသို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား ဖူးမြှော်ကြည်ညို၍ လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) မောက်မယ်မြို့သို့ ရောက်ရှိပြီး မောက်မယ်မြို့နယ်အားကစားကွင်း စနစ်တကျပြုပြင်တည်ဆောက် နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အားကစားကွင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မြို့နယ်အတွက် အားကစားပစ္စည်းများအား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် မောက်မယ်မြို့၊ အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများအား ကျောင်း၏ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မောက်မယ်မြို့ရှိ နှစ်(၁၅၀)ကျော် ရှေးဟောင်းသမိုင်းဝင်မောက်စံဘုန်းတော်ကြီး ကျောင်း၌ ပန်း၊ရေချမ်း၊ဆီမီးကပ်လှူပူဇော်ပြီး၊ ဆရာတော်သံဃာတော်များအား ဖူးမြှော်ကြည်ညိုကာ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ရှေးဟောင်းစာပေပရဗိုဒ်များ လေ့လာခဲ့ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးက နှစ်ပေါင်း(၁၅၀)ကျော် ရှိပြီဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် မောက်စံဘုန်းတော်ကြီးကျောင်း ရှေးမူမပျက်ရည်ရှည်တည်တံ့ အောင် ထိန်းသိမ်းကြရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ယင်းနောက် မောက်မယ်မြို့နယ်ပြည်သူ့ ဆေးရုံသို့သွားရောက်ကာ ဆေးကုသမှုခံယူ နေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အာဟာရဖြည့် အစားအစာများ ပေးအပ် လှူဒါန်းကြပြီး၊ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဆေးရုံတာဝန်ရှိသူများက လိုက်ပါ ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက မောက်မယ်ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသည့် ခွဲစိတ်ခန်းသုံးမီးအား ဖြည့်ဆည်းနိုင်ရန် တာဝန်ရှိသူများနှင့်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆေးရုံအတွက် အလှူငွေများအား ပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် အလှူရှင်များက ပေးအပ်လှူဒါန်း ကြသည်။

ယင်းနောက် စျေးတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက် စစ်ဆေးရာ ကျောင်း၌ စာသင်ဆောင်လိုအပ်ချက်အရ တိုးချဲ့ကျောင်းဆောင်အသစ် ဆောက်လုပ်ရန် အတွက် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းတာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်သာစွာဖြင့် ပညာလေ့လား ဆည်းပူး နိုင်ရန် စာသင်ကျောင်းဆောင်အသစ်များ အမှန်တကယ် လိုအပ်လျက်ရှိသဖြင့် အမြန်ဆုံးရရှိနိုင်ရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြား၍ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ လိုအပ်သည်များမှာကြားပြီး ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်း များကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများကပေး အပ်လှူဒါန်းခဲ့ကြသည်။ ယင်နောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ Clean&Green လုပ်ငန်းဖြင့် ဆောင်ရွက်ခဲ့သည့် MAUK MAI VIEW POINT အား သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးကာ အာဟာဖြည့် အစားအစာများ ပေးအပ်လှူဒါန်းပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ ဆေးရုံအတွက် အလှူငွေများအား ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် အလှူရှင်းများက ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် မိုးနဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)များသို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများက ကျောင်း၏အခြေအနေများအား ကဏ္ဍအလိုက် ရှင်းလင်တင်ပြကြပြီး၊ ပြည်နယ် ဝန်ကြီးက ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် ကျောင်းဆောင်များအား စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျောင်းသုံးစာရေး ကိရိယာများ၊ အားကစားပစ္စည်းများနှင့် လှူဒါန်းငွေများအား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် မိုးနဲမြို့နယ်အားကစားကွင်းသို့ သွားရောက်စစ်ဆေး၍ လိုအပ်သည်များမှာကြားကာ အားကစားသုံးပစ္စည်းများနှင့် လှူဒါန်းငွေများ ပေးအပ်လှူဒါန်းကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် နမ့်စန်မြို့နယ်၊ ပန်လင်းဆိုင်ကျေးရွာ၌ တိုက်နယ်ဆေးရုံအသစ် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကရှင်းလင်တင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး၊ MTA မတ်ကျန်းပြည်သူ့စစ်(ဌာန)အဖွဲ့၏ အပ်ဆိုက် CENTER နှင့် ရှမ်းတိုင်းရင်းဆေးရုံ ပန်လင်းဆိုင် သို့သွားရောက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် နမ့်စန်မြို့နယ်၊ လွိုင်ငင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းဆောင်သစ် ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ကျောင်းဆောင်သစ်ဆောက်လုပ်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး၊ ပြည်နယ်ဝန်ကြီးက ကျောင်းဆောင်သစ်သာမက ကျောင်းအတွက် စံချိန်မီအားကစားကွင်းများ ဖော်ဆောင်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆရာဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံအားပေး၍ ကျောင်းအတွက် အားကစားပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် လှူဒါန်းငွေများအား ပြည်နယ်လူမှုရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် နမ့်စန်မြို့နယ်၊ ပတ်ကျန်း ကျေးလက် ကျန်းမာရေးဌာနခွဲသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ဌာနခွဲအဆောက်အအုံအား အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)