မိုင်းယန်း ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိူင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များကို မမေ့အပ်ဘဲ အစဉ်အမြဲတန်ဖိုးထားတက်စေရန် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၅ ရက်နံနက် ၉ နာရီခွဲက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများကို ရှာဖွေလေ့လာသင့်ပုံများ၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူများကို အသိပညာပေးရှင်းလင်းဟောပြောပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေး ရှင်းလင်းဟောပြောသည်။ ထို့နောက် ဆရာကြီးဦးကျော်ဦးက ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်ကျင်းပမည့် ကျောင်းတွင်း စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြရန်ပြောကြားပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းအကျဉ်းကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးသမိုင်းနှင့် မှတ်တမ်းဓာတ်ပုံများပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကိုပြသခဲ့ပြီး အသိပညာတိုးပွားစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး