မိုင်းပျဉ်းမြို့ အထက (ခွဲ) ကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌  အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၄) ရက် နံနက် (၉) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ နီလာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးက ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကိုကျင်းပရာ ကျပန်းစကားပြောပြိုင်ပွဲတွင် အထက်တန်းနှင့် အလယ်တန်းမှ ကျောင်းသား၊ကျောင်းသူ (၆) ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မူလတန်းထက်ဆင့်မှ (၅) ဦး၊ မူလတန်းအောက်ဆင့်မှ (၅) ဦး၊ စုစုပေါင်း (၁၆) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆုရရှိကြသော ပြိုင်ပွဲဝင်များနှင့် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော U-18 အောက်နှင့် U-13 အောက် အားကစားသမားများကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တပ်နယ်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  အထက (ခွဲ) ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)