ကျိုင်းတုံ ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် (တေရသမအကြိမ်၊ ဒုတိယနှစ်)အစည်းအဝေးကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ ဘူမင်း-ခေမင်းကျောင်းတိုက်တွင် ကျင်းပသည်။
ဦးစွာ ဟိုခိုကျောင်းတိုက်ဆရာတော်က အစည်းအဝေးအခမ်းအနားဖွင့်လှစ် ဩဝါဒပေးတော်မူပြီး ဘဒ္ဒန္တဥတ္တမ(မဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုရ်သံဃာ့ဝန်ဆောင်) ဆရာတော်၊ အရှင်ပညိန္ဒ(ပြည်နယ်သံဃာ့နာယကအဖွဲ့-တွဲဖက်အကျိုးတော်ဆောင်)ဆရာတော်တို့က ဩဝါဒကထာမန့်ကြားတော်မူသည်။ ထို့နောက် ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အရှင်ပညာသိရီက နှစ်ပတ်လည်အစည်းအဝေးနှင့်စပ်လျဉ်းသည့် လျှောက်ထားပြီး ဖဆင်းကျောင်းတိုက်ဆရာတော် ၂၀၂၅ ခုနှစ် ဝါဆိုသံဃာစာရင်းချုပ်အား ဖတ်ကြားလျှောက်ထား တင်ပြသည်။ ထို့နောက် ခရိုင်သာသနာရေးမှူးက သာသနာရေးဆိုင်ရာကိစ္စရပ်များလျှောက်ထားပြီး ဝတ်အင်းကျောင်းတိုက်ဆရာတော်က အစည်းအဝေးပေးတော်မူခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)