မိုင်းရယ်မြို့နယ် မူလွန်-၁ လူငယ်ရေးရာဟောပြောပွဲကျင်းပ

မိုင်းရယ် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နေ့လည်(၁)နာရီက အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ပြုလုပ်သည်။

အဆိုပါ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဉီးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအားပြသခြင်းနှင့် နယ်လှည့်စာကြည့်တိုက်ကိုပြုလုပ်ရာ အ.မ.က-၄မှ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ဖတ်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်