ရှမ်းပြည်နယ်

တန့်ယန်းမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် တန့်ယန်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများကို ဆောင်ရွက်ပေးခဲ့သည်။

တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီ ဗုဒ္ဓသာသနရံသီ သာသနာ့ဗိမာန်တော် တည်ဆောက်ရန်အတွက် ရတနာအုဌ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ဗိမာန်တော် တည်ဆောက်မည့် မြေနေရာ၌ ကျင်းပသည်။

ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ၊လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း၏ အသင်းဝင်မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအသင်း၏ အသင်းဝင်မှတ်ပုံတင်ကတ်ပြားပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဂန့်ဂေါမြို့၌ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၉)ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကဗျာပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁) မိုးနဲအခြေခံပညာအထက်တန်းကျောင်း တန်းစီကွင်းစုရပ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ကာ (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းခတ်မြို့နယ် လူထုအခြေပြုဟိုဌာန၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။

နမ့်စန်မြို့ ရွှေငါးကန်ဟိုတယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် ငလျင်ဘေးအန္တရာယ်အသိပညာပေး၍ ဇာတ်တိုက်သရုပ်ပြ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်သော ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထင်းရှူးမြိုင်ကျေးရွာရှိ ရွှေငါးကန် ဟိုတယ်တွင် ဆောင်ရွက် ခဲ့သည်။

နောင်ချိုမြို့နယ် အ.ထ.က-၁ တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးဟောပြောပွဲကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့၌ (၃)လလျှင် တစ်ကြိမ် Online ပုံပြင်ပြောပြိုင်ပွဲ ဒုတိယဆုရရှိသည့် ကျောင်းသူအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဦးစီးဌာန(ရုံးချုပ်)မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၃) လ လျှင်တစ်ကြိမ် Online ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တောင်ကြီးခရိုင်ကိုယ်စားပြု ရပ်စောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ Grade-6 ကျောင်းသူ မဆုနေရီလှိုင်အား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးမျိုးမင်းဦးနှင့် ဆရာ၊ ဆရာများ တက်ရောက် ကြကြောင်းသိရသည်။
Subscribe to ရှမ်းပြည်နယ်