ရပ်စောက် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)တွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးက (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်တွင် “တို့များမမေ့နိုင် (၁၉) ဇူလိုင်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (၁၀) ဦး၊ အလယ်တန်းအဆင့်တွင် “မမေ့စဉ်လာအာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (၁၇)ဦးနှင့် အထက်တန်းအဆင့်တွင် “လေးမြတ်ဂုဏ်ရည်အာဇာနည်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ (၇)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၄)ဦးတို့ကလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၉)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၄)ဦးတို့ကလည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂)ဦး တို့ကလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်