ကျေးသီးမြို့နယ်တွင် ငလျင်ဘေး၊မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

ကျေးသီး ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို  မီးဘေးအန္တရာယ်မှလုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ ရပ်ကွက်၊ကျေးရွာများတွင် မီးသတိပေးဆော်ဩခြင်း၊ ငလျင်ဘေးနှင့်သက်ဆိုင်သည့်အသိပညာများဟောပြောခြင်းကို ယနေ့နံနက်()နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(လုံပု)တွင် ဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှု ဦးမြင့်ဝင်းကြိုင်က  မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ပြီး မြို့နယ်မီးသတ်ဒုဦးစီး ဦးစံထွန်းကငလျင်ဘေးအန္တရာယ်ကို လက်တွေ့သရုပ်ပြသရာတက်ရောက်လာသူများအား လက်တွေ့ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)