ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သိမ်နှုတ် သိမ်သမုတ် အောင်ပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ သိမ်နှုတ် သိမ်သမုတ် အောင်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ ဧည့်ပရိသတ်များက နမောတသ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ပြီး သံသရာအေးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြပြီး သိမ်နှုတ် သိမ်သမုတ်ပွဲ မတည်အလှူရှင် ဦးအောင်မြတ်သာ မိသားစုနှင့်အလှူရှင်များက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအနုမောဒနာတရားနာယူခြင်းနှင့် ရေစက်ချက်အမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)