သီပေါ ဇူလိုင် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) ပြန်လည် လည်ပတ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(မြို့ပြ) ဦးဝင်းမင်းဦးက ကွန်ကရစ်ဇလီဖားစက်ရုံအား ပြန်လည် လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးဦးတင်မောင်သန်း၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သီပေါမဲဆန္ဒနယ် အမှတ် (၂) ဦးသီဟလှိုင်တို့က ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က စက်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် စုပေါင်းအမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကွန်ကရစ်ဇလီဖားထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှုးနှင့် အဖွဲ့ဝင်များ၊ ကျောက်မဲခရိုင်နှင့်သီပေါမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)