ရပ်စောက်မြို့၌ (၃)လလျှင် တစ်ကြိမ် Online ပုံပြင်ပြောပြိုင်ပွဲ ဒုတိယဆုရရှိသည့် ကျောင်းသူအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရပ်စောက် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဦးစီးဌာန(ရုံးချုပ်)မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၃) လ လျှင်တစ်ကြိမ် Online ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် တောင်ကြီးခရိုင်ကိုယ်စားပြု ရပ်စောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)မှ Grade-6 ကျောင်းသူ မဆုနေရီလှိုင်အား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်ကြီးမျိုးမင်းဦးနှင့် ဆရာ၊ ဆရာများ တက်ရောက် ကြကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယုယုအောင်က Online ပုံပြင်ပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး Online ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်ပုံပြင်အား ပြန်လည်ဖွင့်လှစ်ပြသခဲ့ပြီးနောက် မြန်မာတစ်နိုင်ငံလုံးဒုတိယဆုရရှိသူအား ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗထူးမှ ဘင်ခရာအဖွဲ့များနှင့် ဆရာ/ဆရာများက ပန်းစည်းများ၊ တီးဝိုင်းများဖြင့်ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိသည်။

မြို့နယ်ပြန်/ဆက်