နောင်ချို ဇူလိုင် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအကြောင်းအရာများ၊ ယာဉ်မောင်းသူများ လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မေးခွန်းများမေးမြန်းခဲ့ရာ ဖြေဆိုမှန်ကန်သည့် ကျောင်းသား၊ကျောင်းသူလေးများအား မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အမှတ်တရပေးအပ်ခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ ဟောပြောပွဲသို့ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်