မိုင်းခတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)တို့ပူးပေါင်း၍ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က အထိမ်းအမှတ်နေ့များပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေးဟောပြော၍ အထိမ်းအမှတ်နေ့ စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ပြီး ဆုရရှိသောကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလေးများက အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများအကြောင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ရသစာအုပ်စာစောင်များကိုကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်ရာစာအုပ်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)