မိုင်းယောင်း ဇူလိုင် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်ကြားနေမှုအား ဇူလိုင် ၁၇ ရက်က တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားနေမှုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းပေါ်သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဗလာစာအုပ်များပေးအပ်ခြင်း၊ မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း