နမ့်စန်တွင် သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

နမ့်စန်(ဇူလိုင် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂-၂၀၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက အမှတ် () ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် သဘာပတိအသင်းဥက္ကဋ္ဌ ဦးစိုးမင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက် ရယူသည်။

ထို့နောက် ပညာရည်ချွန်ဆုများကိုချီးမြှင့်ရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက အသင်းသား/အသင်းသူများ၏ သားသမီးများထဲမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ ၂ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁ ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၃ ဦး နှင့် ရိုးရိုးအောင်မြင်သူ ၅ ဦးတို့ကို တစ်ဦးလျှင် ထူးချွန်ဆု ကျပ်ငါးသောင်းစီနှင့် ဂုဏ်ထူးရ ၁ ဘာသာအတွက် ကျပ် တစ်သိန်းစီတို့ကို အသီးသီး ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက်လာသော အသင်း သားများကို စုစုပေါင်း ငွေကျပ် ၃၂သိန်း ကျပ်တန်ဖိုးရှိ ဗလာမပါ ငွေသားကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၇၆၀ ဦး ၏ စုဆောင်းငွေပေါ်အတိုး ၄၄၅၆၉၄၂၉ ကျပ်နှင့် အစုပေါ်အမြတ်ငွေ ၃၇၉၀၀၀၀ ကျပ်တို့ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)