ကလော ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ တောင်နီကျေးရွာ၌ ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းကတာဝန်ရှိသူများက ကျန်းမာရေးအခမဲ့ကွင်းဆင်းစောင့်ရှောက်မှု ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်းနှင့်အဖွဲ့ဝင်များ၊ အောင်ပန်းတိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲလက်အောက်ရှိ တောင်နီကျေးရွာ ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအကြောင်း အသိပညာပေးခြင်း၊ ကုသပေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်း၊ အိမ်သာခွက်ဖြန့်ဝေခြင်းလုပ်ငန်းများ၊ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြည်သူလူထု(၁၄၀)ဦးအား အခမဲ့ကြည့်ရှုကုသမှုပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)