နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မိုင်းယောင်း ဇူလိုင် ၁၈

 ပြည်ထဲရေးဝန်ကြီးဌာန မိုင်းယောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ဝမ်ပေါ့ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်က နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက် ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက နေအိမ် ၁၄ ဦးအား ကျေးရွာမြေငှားဂရန်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း