မိုင်းယောင်းမြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့န့နက်ပိုင်းက (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက အာဇာနည်ခေါင်းဆောင်ကြီးများထံမှ ရရှိခဲ့သည့် သင်ခန်းစာအကြောင်း၊ ကျွမ်းကျင်-၃(ရုပ်သံ) ဒေါ်နန်းစီဖေါင်းက အာဇာနည်ခေါင်းဆောင်ကြီးများကို အမှန်တကယ်ချစ်မြတ်နိုးကြပါလျှင် အကြောင်းကို ဟောပြောပြီး (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ခင်းကျင်းပြသခဲ့သည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)