မူဆယ်မြို့တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မူဆယ် ဇူလိုင် ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင်၊ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို CMA ကိုယ်ပိုင်အထက်တန်း‌ကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပြီး၊ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြခဲ့သည်၊၊ ယင်းနောက် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အမှာစကား ပြောကြားပေးခဲ့ပြီး၊ မူဆယ်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ကဗျာဆရာဦးမျိုးခိုင် (မျိုးခိုင်-မူဆယ်) က အာဇာနည်နေ့ သမိုင်းကြောင်းနှင့် မမေ့အပ်သော အာဇာနည်နေ့အကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက အာဇာနည်နေ့ ဂုဏ်ပြုကဗျာများကို ရွတ်ဆိုဂုဏ်ပြုခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောအိအိထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)