ရှမ်းပြည်နယ်

တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်နန်းခမ်းလူ တောင်ပို့ကြီး (တောင်) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီး (တောင်) ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ ဝိသာခါရွှေတောင်ပို့ကျောင်းဆောင် ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တန့်ယန်းမြို့နယ်တွင် (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲနှင့် စာအောင်ဆုနှင်းသဘင်ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ နယ်စပ်ဒေသတောင်တန်းသာ သနာပြုရွှေမောင်းသာသနဝေပုလ္လသီလရှင် စာသင်တိုက်ကြီး၏ (၂၄)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီက စာသင်တိုက်ကြီး၌ ကျင်းပသည်။

ပင်လောင်းမြို့နယ် ပေါ့အင်ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းအတွက် ကြက်၊ ဝက်များ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဒေသ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ကိုင်နိုင်ရန် ဒေသဝက်နှင့်ကြက်များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။

မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ဆွတ်ဝိုးကျေးရွာ၊ အ.လ.ကကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းမှ သင်တန်းသူများအား စနစ်တကျ သင်ကြားပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၆)တွင် တက်ရောက်နေသည့် သင်တန်းသူများအား သင်တန်းကျောင်းအုပ်နှင့် နည်းပြများမှ စနစ်တကျ သင်ကြားပေးလျက်ရှိသည်။

မိုင်းရယ်မြို့နယ်၌ မိုးစပါး ၁၈၀၆၀ ဧက စိုက်ပျိုးရန်လျာထားရာမှ ယနေ့အထိ ၁၇၂၆၅ ဧက စိုက်ပျိုးပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် နားဝဆည်နှင့် ဒေသကျောက်ဖြစ်မျှောရိုက်ဆည်တို့မှ ရေကိုအဓိကထားရယူ၍ မိုးစပါးကို စိုက်ပျိုးကြရာ ၂၀၂၆ ခုနှစ်တွင် မိုးစပါး ၁၈၀၆၀ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ ၁၇၂၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမည့်လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမည့်လုပ်ငန်း/စီမံကိန်းများနှင့် ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လိုသည့် စီမံကိန်းများနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

တောင်ကြီးခရိုင် အခြေခံပညာအလယ်တန်းအဆင့်သင် (အတွေ့အကြုံရှိ) ဆရာဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့်(ဆင့်ပွား)ဆွေး‌နွေးပွဲပြုလုပ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်အခြေခံပညာ အလယ်တန်းအဆင့်သင်(အတွေ့အကြုံရှိ) ဆရာဆရာမများအတွက် ဆရာအတတ်ပညာတတ် ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ အရည်အသွေးမြှင့်ခရိုင်အဆင့်(ဆင့်ပွား) ဆွေး‌နွေးပွဲကို ဇူလိုင်  ၂၅ ရက် နံနက် ၈ နာရီက အမှတ်(၁၂)အ‌ခြေခံပညာ အထက်တန်းကျောင်း၊ ပညာအလင်္ကာခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်