ရှမ်းပြည်နယ်

ပုံပါကျင်မြို့ အခြေခံပညာမူလတန်းကျောင်း(ဟိုရွက်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ နံနက်(၁၀)နာရီက အ.မ.က(ဟိုရွက်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်​ ယနေ့မွန်းလွဲပိုင်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့ ပြည်ငြိမ်းအေး အားကစားကွင်းရှိမိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျိုင်းတောင်းမြို့နယ် စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လိုင်စင်များ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်လာစေရန်နှင့် ကာယ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။

မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၁) လွိုင်ချို အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို ယမန်နေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပရန် MEVM မဲပေးစက်များ ရောက်ရှိ

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ မိုးနဲမြို့နယ်သို့ ယမန်နေ့ည‌‌နေပိုင်းအချိန်က‌ ရောက်ရှိခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသရေးအကြို စမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ်ပုံစံယူခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင်သည့်အဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါ ကုဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသနိုင်ရေး အကြိုစမ်းသပ်စစ်ဆေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)များ တပ်ဆင်နိုင်ရေး ကြိုတင်အံကပ် ပုံစံယူခြင်းဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြင်ပလူနာနှင့် ပြင်ပလူနာအထူးကုဌာန (အရေးပေါ်ဌာန) ၌ ဆောင်ရွက်ခဲ့သည်။

ညောင်ရွှေမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပပြုလုပ်နိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် (၈၉၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ညောင်ရွှေမြို့သို့ ယနေ့မွန်းလွဲပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကုန်းမြင့်လယ်ယာ‌မြေဖော်ထုတ်ခြင်းစီမံကိန်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂) ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့-ဖာတကျေးရွာအုပ်စု၊ မိုင်းနော့ကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ ဧက ၁၀၀ ဖော်ထုတ်ခြင်းလုပ်ငန်းစီမံကိန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to ရှမ်းပြည်နယ်