ပင်လောင်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းဒေသ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ကိုင်နိုင်ရန် ဒေသဝက်နှင့်ကြက်များ ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဦးစီးမှူး ဒေါက်တာစိုးအောင်ဝင်းက ဒေသဝမ်းစာအသားငါးများ ဖူလုံစေရေး တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများနှင့် လူမှုစီးပွားဖွံ့ဖြိုတိုးတက်မြင့်မားရေးအတွက် မွေးမြူရေး လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေနိုင်ကြောင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်က မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက်ဒေသဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ဒေသဝက်ငါးကောင်နှင့် ဒေသကြက် (၅၀) ကောင်တို့ကို ကျေးရွာမွေးမြူရေး လုပ်ငန်းကော်မတီထံသို့ပေးအပ်ခဲ့ပြီး၊ ကျေးရွာမွေးမြူရေး လုပ်ငန်းကော်မတီများမှ မွေးမြူရေးလုပ်ကိုင်မည့် ဒေသခံပြည်သူများထံသို့ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)