မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇူလိုင် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၅ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ဆွတ်ဝိုးကျေးရွာ၊ အ.လ.ကကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မက်မန်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင် /မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆွတ်ဝိုး ကျေးရွာရှိ ရမ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ မိမိတို့ဌာနအလိုက် လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီး ဆွတ်ဝိုးကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်း စရာများ၊ မြို့နယ်အတွင်းရှိဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနေမှုနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ အစရှိသည့် ကဏ္ဍများအလိုက် ကျေးရွာဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးဟောပြောခဲ့မှုအပေါ် ဆွတ်ဝိုးကျေးရွာရှိ ဒေသခံပြည်သူများမှ လိုအပ်ချက်များတင်ပြခဲ့ကာ တာဝန်ရှိသူများမှ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မက်မန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်/မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆွတ်ဝိုးကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးထွန်းမွေးမြူထားသော ဒေသဝက်ခြံသို့ကွင်းဆင်းကြည့်ရှုပြီး လိုအပ် သည်များမှာကြားခဲ့ကာ တာဝန်ရှိသူများက ဝက်အားတိုးဆေးနှင့် ခြံဖြန်းပိုးသတ်ဆေးများကို မွေးမြူရေးတောင်သူ ဦးထွန်းထံ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)