မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းကောက်ယူနေမှုအား မြို့နယ်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရရှိစေရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များ အလိုက် အိမ်ထောင်စုလူဦးရေစာရင်းများ ကိုစာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ကျိုက်ထိုမြို့နယ် အထက-၂ ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၊ စိန်ပန်းဆောင်(ကျောင်းခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဒုတိယ‌နေ့ ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အမက ဘူတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမက ဘူတာကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ (ဒုတိယ)အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲ မဟာပဌာန်း မြတ်ပူဇော်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထိုမြို့နယ်၌ (ဒုတိယ) အကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဌာန်းမြတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ် နတ်တော်လပြည့်ကျော်(၅)ရက် ဇန်နဝါရီ (၁၀)ရက်နံနက်၉နာရီတွင် ကျိုက်ထို မြို့နယ်ဆုတောင်းပြည့်ရွှေဘုံသာဘုရားဝင်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

ဘီးလင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် အထက (ခွဲ) လိပ်ခုံးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်‌ မြေဩဇာကြီးကြပ်ရေးကော်မတီမှ နွေစပါးစိုက်တောင်သူများအား ပုလဲမြေဩဇာဖြန့်ဝေပေး

ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် (ပုလဲ)မြေဩဇာများကို မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ စတုတ္ထအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းခေတ်မီ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများက မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမတွင် ယ​နေ့နံနက်ကမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် (ထွေ/အုပ်၊ ရဲ၊ လဝက၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ ဆည်/ မြောင်း၊ မွေး/ ကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ ကျေးလက်လမ်း၊ ကျေး/ လက်၊ လျှပ်စစ်၊ ပြန်/ ဆက်၊ စိုက်/ ဘဏ်၊ ကော်မရှင်) ဌာနတို့မှ ကွင်းဆင်း၍ ကျေးရွာ​ပြည်သူများနှင့်​တွေ့ဆုံဆွေး​နွေးခဲ့​ကြသည်။

သံဖြူဇရပ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူလတန်းကြို ကျောင်းမှရင်သွေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်