ကျိုက်မရောမြို့နယ်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်လှစ်

ကျိုက်မရော ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘိန်းဗျောကျေးရွာအုပ်စု၊ နတ်စမ်းခေတ်မီ စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မွန်ပြည်နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာ၌  ကျေးလက်နေ  လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရာ၌ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုလိုစိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက သင်တန်းတွင် သင်ကြားပို့ချမည့် အကြောင်းအရာများအား ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများကို ပြည်နယ်မှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းသို့ နတ်စမ်းစံပြကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ( ၂၀)ဦးတက် ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၅) ရက် ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)