ပေါင်မြို့နယ်အမက ဘူတာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ပေါင်  ဇန်နဝါရီ  ၁၁

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမက ဘူတာကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အမကဘူတာ ကျောင်းမှ ကျောင်းသား/ သူများက စုံညီပွဲတော်တို့နွှဲပျော် တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး၊ အမကဘူတာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဧည်သည်တော်များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားကို သားသားမီးမီးတို့က အကပဒေသာများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)