ကျိုက်ထိုမြို့နယ်‌ မြေဩဇာကြီးကြပ်ရေးကော်မတီမှ နွေစပါးစိုက်တောင်သူများအား ပုလဲမြေဩဇာဖြန့်ဝေပေး

ကျိုက်ထို ဇန်နဝါရီ ၁

ကျိုက်ထိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများစိုက်ပျိုးရာတွင် လိုအပ်လျက်ရှိသည့် (ပုလဲ)မြေဩဇာများကို မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီမှ စတုတ္ထအကြိမ်အဖြစ် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျေးရွာအလိုက်ဖြန့်ဝေပေးခဲ့သည်။ ထိုသို့ဖြန့်ဝေရာတွင် နွေစပါးစိုက်ကျေးရွာ(၁၀)ရွာအတွက် စုစုပေါင်း (ပုလဲ) မြေဩဇာ (၂၅၈) အိတ်အား မြို့နယ်မြေဩဇာကြီးကြပ်ရေးကော်မတီဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်၊ လယ်‌ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်‌ဇော်အောင်နှင့်အဖွဲ့ဝင်များ ကစနစ်တကျခွဲဝေပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ ဆက်)