မွန်ပြည်နယ်

ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများတတိယ‌နေ့ ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက တတိယနေ့အဖြစ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား တက်ရောက်

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မွန်ပြည်နယ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) တတိယအကြိမ်ထိုးနှံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၁၁၂)ကျောင်းတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် (၉)နာရီက စတင်၍ (Booster Dose) တတိယအကြိမ်ဖြင့် အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။

တိုင်ထောင် ပဲထောင့်ရှည်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိူးသူများအဆင်​ပြေ

မွန်ပြည်နယ်၊ ကျိုက်မရော မြို့အဝင် ထန်းပင်းတန်းအနီးရှိ လယ်​မြေများတွင် ဆောင်းရာသီ သီးထပ်အဖြစ် စိုက်ပျိုးထားသည့် တိုင်ထောင် ပဲထောင့်ရှည် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဘိန်းဗျောကျေးရွာမှ တိုင်ထောင်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချသူ ဦးမောင်ဦးထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှု လျော့ပါးရေးအတွက်မြို့နယ်အဆင့် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၁)ရက် နံနက် ၉နာရီ ခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘီးလင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ (မွေးမြူရေးကဏ္ဍ) ကျပ်သိန်း ၅၀၀ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေ(မွေးမြူရေးကဏ္ဍ) မြို့နယ်​ကော်မတီထံမှ ကျေးရွာကော်မတီသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အထက ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့မူလွန် (ဘူတာ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့် ပြပွဲများကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဘူတာ) ကျောင်း၌ ကျင်းပခဲ့သည်။

အမက (ကဒုံစီး) ကျောင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းကအမက(ကဒုံစီး)ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ကောက်ယူရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထုံနှံပေးနေမှု အခြေအနေအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံလူဦးရေစာရင်းများ မှန်ကန်မှုရှိစေ​ရေးအတွက် မြို့နယ်အသီးသီးအလိုက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များဖြင့် စာရင်း​ကောက်ယူခြင်းများ​ကို ကောက်ယူ​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်​နေ့၊ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ ရိုးဂိုး​ကျေးရွာ၌ မြေပြင်တစ်အိမ်တက်ဆင်းစာရင်း ​ကောက်ယူ​ရေးအဖွဲ့များ၏ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအားကြည့်ရှု စစ်ဆေး၍
Subscribe to မွန်ပြည်နယ်