ကျိုက်ထိုမြို့နယ် အထက-၂ ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်

ကျိုက်ထို ဇန်နဝါရီ  ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၊ စိန်ပန်းဆောင်(ကျောင်းခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အထက(၂) ကျောင်းမှ ကျောင်းသား/ သူများက စုံညီပွဲတော်တို့နွှဲပျော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ကျိုက်ထိုခရိုင် ပညာ‌ရေးမှူး ဦးခိုင်ထွန်း၊‌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၀င်း၊ ကျောင်းအကျိုး‌‌တော်ဆောင် ဦးယုကြိုင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီဝင်းမှ အခမ်းအနားပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျိုက်ထိုခရိုင် ပညာ‌ရေးမှူး ဦးခိုင်ထွန်း၊‌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၀င်း၊ ကျောင်း အကျိုး‌‌တော်ဆောင် ဦးယုကြိုင်နှင့်ဧည်သည်တော်များမှ ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ ဆက်)