Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး နှိုးဆော်ဆောင်ရွက်
Mar 15,2026
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာယမန်နေ့ ည ၇ နာရီအချိန်၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ကြီးကြပ်၍ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်ဇင်ဝင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက် နေပြည်သူများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိ၊ သတိရှိစေရေးအတွက် လိုက်လံနှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ အခြေခံပန်းချီရေးဆွဲနည်းနှင့်အင်္ဂလိပ်စာသင်တန်း(အခမဲ့)ဖွင့်လှစ်သင်ကြား
Mar 15,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြက်သော လူငယ်၊လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းနှင့်အင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန(Community Centre) ခန်းမတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် တီဘီရောဂါဝေဒနာရှင်များအား ရှာဖွေဆွေးနွေးကုသခြင်းလုပ်ငန်းများဆောင်ရွက်
Mar 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် စီမံကိန်း (၂)ရပ်ကွက် အပိုင်း (၅၊၆၊၇၊၈) သဟပုညကာရီ ဓမ္မာရုံ၌ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း တီဘီရောဂါကွင်းဆင်းရှာဖွေခြင်း လုပ်ငန်းအား မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ၂၀၂၆ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပ
Mar 15,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မိတ္ထီလာပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Mar 15,2026
ကရင်ပြည်နယ် ဘားအံမြို့တွင် ဈေးများ မီးလောင်မှုမဖြစ်ပွားရေး၊ မီးလောင်မှုများ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရွည်ရွယ်၍ မိးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုအား ယနေ့နံနက် ၈ နာရီက ဘားအံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်ပန်းမြို့၊ ပစ္ဆိမာရုံလူငယ်ပရဟိတ ဂေဟာကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 15,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပစ္ဆိမာရုံ လူငယ်ပရဟိတဂေဟာကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ ရေရှိရရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက စိုက်ပျိုး
Mar 15,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် ရေရရှိရေး နည်းလမ်းအလိုက် ဒေသန္တရလျာထားမှုဖြင့် သီးနှံစုံ ၅၂၇၁၅ ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စီပင်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ
Mar 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် သာယာဝဲကျေးရွာအုပ်စု၊ စီပင်စု ကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီက စီပင်စုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
92
Page
93
Page
94
Page
95
Current page
96
Page
97
Page
98
Page
99
Page
100
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department