ဘုတ်ပြင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်

ဘုတ်ပြင်း   ဇွန်   ၈

ကျန်းမာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသော လူထုအခြေပြုကျန်းမာရေးလုပ်သားမူဝါဒအရ ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအား လူထုကျန်းမာရေး လုပ်သားသင်တန်းကို သင်ကြားလေ့ကျင့်ပြီး ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကူညီဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းကို ဇွန် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးမင်းကိုက အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းကျော်က  သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များနှင့်သင်တန်းတွင် သင်းကြားမည့် ဘာသာရပ်ဆိုင်ရာများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အား ပေးသည်။

သင်းတန်းကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ သင်တန်းသား သင်တန်းသူ(၃၀) တက်ရောက်ကြပြီး  လူထုကျန်းမာရေးလုပ်သား၊ လက်စွဲစာအုပ် အသုံးပြုပုံမိတ်ဆက်၊ ကျန်းမာရေးသဘော တရားနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဖွဲ့စည်းပုံ၊ ကူးစက်ရောဂါများ၊ မကူးစက်နိုင်သောရောဂါများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရည် သန့်ရှင်းရေး၊ မိသားစုကျန်းမာရေး၊သမာရိုးကျရောဂါများ၊ ဖွားသေစာရင်းမှတ်ပုံတင်ခြင်းနှင့် ကျန်းမာရေးစာရင်းအင်းများကောက်ယူခြင်း၊ ကျန်းမာရေးပညာပေးခြင်း စသည့်  ဘာသာရပ်များကို သင်တန်းနည်းပြများက ဇွန် ၈ ရက်မှ ၁၉ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)