ကျောက်ဆည် ဇွန် ၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ မြို့နယ်စည်ပင်သာယာရေးရုံးမှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ စားဝတ်နေရေးသက်သာချောင်ချိရေး ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန် ၆ မျိုးအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။
ထိုသို့ရောင်းချရာ၌ မြို့နယ်စည်ပင်သာယာရေးရုံးနှင့် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၊ အသားငါး ဒိုင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် စားအုန်းဆီ၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ကြက်ဥများ ရောင်းချပေးခဲ့ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၇၆ ဦးကျော် လာရောက် ဝယ်ယူခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)