သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

သာပေါင်း ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်ကုသ‌ရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦး‌ဆောင်၍ ကျန်းမာရေးဝန်ထမ်း ငှက်ဖျားဆေးဖြန်းအဖွဲ့က အခြေခံပညာကျောင်းစာသင်ခန်း၊ အိမ်သာများတွင် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး